တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မက္ကဟ်မြို့အနီးနားရှိ ရွာတစ်ရွာဖြစ်သော ဟုဒိုင်ဗီယဟ်တွင်ရှိနေစဉ် ညဘက်မိုးရွာသွန်းပြီးနောက် နံနက်တွင်ဖဂျရ်ဆွလာသ်ကို ဆောက်တည်တော်မူခဲ့သည်။ ကိုယ်တော်သည် စလာမ်လှည့်ကာ ဆွလာသ်ကိုအဆုံးသတ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်ကမိန့်ကြားသည်မှာ မိုးရွာသွန်းသည့်အခါ လူတို့တွင် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’နှင့် အလ္လာဟ်အရှင်မြတ်ကိုငြင်းပယ်သူ ‘ကာဖိရ်’ဟူ၍ နှစ်မျိုးကွဲသွားကြောင်းအလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူ၊ အလ္လာအရှင်မြတ်ကသာ မိုးရွားသွန်းစေသည်ဟု ပြောဆိုသူသည် စကြာဝဠာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသော ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွားသွန်းသည်ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။ မိုးရွာသွန်းခြင်းအား နက္ခတ်တာရာများနှင့် ပတ်သက်ဆက်နွယ်ပြောဆိုခြင်းသည်‘ကုဖ်ရ် အဆ်ွဂရ်’ဖြစ်ပြီး အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော်လည်း ကြီးမားသည့် အပြစ်အကုသိုလ် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုနက္ခတ်တာရာများကို ရှရီအသ် တရားတော်အရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ အကြောင်းခံအဖြစ် မသတ်မှတ်ထားပါ။ မိုးရွားသွန်းခြင်းအပြင် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသောအကြောင်းကိစ္စများသည် နက္ခတ်တာရာများပေါ်ထွက်ခြင်း၊ ပျောက်ကွယ်ခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းတို့က ထိုကိစ္စများကို အမှန်တကယ်ဖြစ်ပေါ်စေသည်ဟု ယုံကြည်ချက်ထားသူသည်‘ကုဖ်ရ် အက္ကဗရ်’အစ္စလာမ့်ဘောင်အပြင်သို့ရောက်စေသည့် ကုဖ်ရ် ထိုက်မည်ဖြစ်သည်။