တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မဒီနဟ်မြို့သား အန်ဆွာရ်များကို ချစ်ခင်ခြင်းသည် အီမာန်ပြည့်ဝမှု၏ လက္ခဏာပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ၎င်းတို့အနေဖြင့် အစ္စလာမ် သာသနာနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကို ကူညီရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့ခြင်း၊ မွတ်စ်လင်မ်များ ခိုလှုံနေထိုင်နိုင်ရန် ကြိုးစားအားထုတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိတို့၏ အသက်နှင့် ဥစ္စာပစ္စည်းများကို သုံးစွဲလှူဒါန်းခြင်းတို့ကြောင့်ဖြစ်သည်။ ထို့အတူ ၎င်းတို့အား မုန်းတီးခြင်းသည် နိဖာက် အယောင်ဆာင်မှု၏ လက္ခဏာပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အန်ဆွာရီတို့အား ချစ်ခင်သူကို အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။