တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မို့အ်မင်န်များအား ကောင်းမှုများကို တားဆီးပိတ်ပင်ပစ်မည့် ဖိသ်နဟ် စမ်းသပ်မှုများနှင့် ဒွိဟသံသယများ မကျရောက်မည်အလျှင် ကောင်းမှုများကို မြန်မြန်ဆန်ဆန်နှင့် အများအပြား ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားတော်မူသည်။ ထိုဖိသ်နဟ်များသည် ည၏အစိတ်အပိုင်းကဲ့သို့ အလွန်မှောင်မိုက်ပြီး အမှားနှင့်အမှန်ရာထွေးနေကာ လူတို့အနေဖြင့် ၎င်းတို့ကို ခွဲခြားရန် ခက်ခဲမည်ဖြစ်သည်။ ထိုဖိသ်နဟ်စမ်းသပ်မှုများ၏ ပြင်းထန်မှုကြောင့် လူတစ်ဦးသည် နံနက်ခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး ညနေခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ သို့မဟုတ် ညနေခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး နံနက်ခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် ကွယ်ပျောက်သွားမည်ဖြစ်သော လောကီအကျိုးစီးပွား တစ်ခုအတွက် မိမိသာသနာကို စွန့်လွှတ်လိုက်မည်ဖြစ်သည်။