ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဗဒရ်စစ်ပွဲနှင့် ဟုဒိုင်ဘီယာစစ်ပြေငြိမ်းရေးစာချုပ်တွင် ပါဝင်ခဲ့သော မည်သူမျှ ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ပေ။" صحيح - رواه أحمد وأصله في صحيح مسلم
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဟိဂျ်ရီ (၂ )ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဗဒရ်စစ်ပွဲ၌ တမန်တော်နှင့်အတူ တိုက်ခိုက်ရန် ပါဝင်ခဲ့သူများနှင့် ဟိဂျ်ရီ( ၆ )ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဟုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်နှင့် ယင်း၌ဖြစ်ပွါးခဲ့သည့် ဗိုင်အသ်ရိဿ်ွဝါးန် (သစ္စာခံခြင်း) တွင် ပါဝင်ခဲ့သူများသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • ဤဟဒီးစ်တော်တွင် ဗဒရ်စစ်ပွဲနှင့် ဟုဒိုင်ဘီယာစစ်ပြေငြိမ်းရေးစာချုပ်တွင် ပါဝင်ခဲ့သူများ၏ ထူးကဲမွန်မြတ်မှုနှင့် ၎င်းတို့သည် ဂျဟန္နမ်ငရဲသို့ လုံးဝဝင်ရောက်ရမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
  • အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အတွက် မတရားမှုများမှ အာမခံတော်မူပြီး၊ အီမာန်အပေါ်တွင် သေဆုံးနိုင်ရန် သောင်ဖီးက်စွမ်းအားပေးသနားတော်မူ၏။ ဂျဟန္နမ်ငရဲ၏အပြစ်ဒဏ်ကို မခံစားစေဘဲ ၎င်းတို့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူ၏။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြစ်၏။ အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ၎င်းကို ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် သည် ကြီးကျယ် မြင့်မြတ်သည့် ကျေးဇူးတော်ရှင် ဖြစ်တော်မူသည်။
explain-icon

ထပ်၍