တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်သားတို့အနက်မှ အချို့လုပ်ရပ်များကို ပြုလုပ်သူတို့အား ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှ မဟုတ်” ဟူသော စကားဖြင့် သတိပေး ခြိမ်းခြောက်ထားသည်။ ၎င်းတို့မှာ (၁) အတိတ်နိမိတ်ဆိုးကောက်သူ၊ အတိတ်နိမိတ်ဆိုးကောက်ပေးသူ ဖြစ်သည်။ ယင်း၏ ပုံသဏ္ဍာန်မှာ ခရီးထွက်ရန်၊ အရောင်းအဝယ်ရေးပြုရန်နှင့် အခြားကိစ္စများကို ဆောင်ရွက်ရန်အတွက် လုပ်ငန်းမစတင်မီ ငှက်ကိုလွှတ်လိုက်သည်။ အကယ်၍ ငှက်က ညာဘက်သို့ ပျံသွားပါက နိမိတ်ကောင်းသည်ဟု ယူဆကာ မိမိဆောင်ရွက်မည့် ကိစ္စကို ဆက်လက်လုပ်ဆောင်သည်။ အကယ်၍ ငှက်က ဘယ်ဘက်သို့ ပျံသွားပါက နိမိတ်ဆိုးသည်ဟု ယူဆကာ မိမိဆောင်ရွက်မည့်ကိစ္စကို မလုပ်ဘဲ နေလိုက်သည်။ ဤကဲ့သို့လုပ်ရပ်မျိုးအား မိမိကိုယ်တိုင် လုပ်သည်ဖြစ်စေ၊ အခြားသူအား လုပ်ခိုင်းသည်ဖြစ်စေ မပိုင်ပေ။ ဤသို့မပိုင်သည့် လုပ်ရပ်ထဲ၌ တစ်စုံတစ်ရာကို ကြားခြင်း၊ မြင်ခြင်း၊ ငှက်များ၊ တိရစ္ဆာန်များ၊ ရောဂါသည်များ၊ ကိန်းဂဏန်းများ၊ နေ့ရက်များ စသည်တို့အပြင် အခြားအရာများဖြင့် နိမိတ်ဆိုးကောက်ခြင်းလည်း ပါဝင်သည်။ (၂) ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူဖြစ်သည်။ အကြင်သူသည် ကြယ်တာရာမျာနှင့် အခြားအရာများကို အသုံးချ၍ အကွယ်ကို သိကြောင်းကြွေးကြော်သည် သို့မဟုတ် ဗေဒင်ဆရာနှင့် ၎င်းတို့ကဲ့သို့ အကွယ်ကိုသိကြောင်း ကြွေးကြော် သူများထံသွားကာ ၎င်းတို့ဟောကြားသည့် အကွယ်အကြောင်းအရာများကို ထောက်ခံလျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ချပေးသည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။ (၃) ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူ ဖြစ်သည်။ ၎င်းသည် တစ်ဦးတစ်ယောက်အား အကျိုးဖြစ်စေရန် သို့မဟုတ် ထိခိုက်နစ်နာစေရန်အတွက် ကိုယ်တိုင် ဂျာဒူပယောဂပြုသည် သို့မဟုတ် အခြားသူအား မိမိကိုယ်စား ဂျာဒူပယောဂပြုခိုင်းသည် သို့မဟုတ် ကြိုးဖြင့် အထုံးအဖွဲ့များ ထုံးဖွဲ့ကာ ၎င်းတို့အပေါ် ဟရာမ်တားမြစ်ထားသော သအ်ဝီဇာသ်(ခိုလုံမှုရယူသည့်ဂါထာ)များ ဖတ်ရွတ်ကာ မန်းမှုတ်၍ ဂျာဒူပြုသည်။ သို့ဖြစ်၍ ၎င်းတို့အားလုံးသည် ကိုယ်တော်မြတ်၏ နောက်လိုက်သားတို့အနက်မှ မဟုတ်ပေ။