တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျာဟီလီယသ် အမိုက်ခေတ်မှလူတို့၏ အချို့သော အပြုအမူများမှ တားမြစ်ခဲ့ပြီး သတိပေးနှိုးဆော်ခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ- ( အောက်ပါ အချက်များကို ပြုလုပ်သူတို့သည် ) ငါကိုယ်တော်၏ အုပ်စုဝင်ထဲမှ မဟုတ်ပေ။ ပထမအချက်- ပါးကို ရိုက်ပုတ်ခြင်း။ ပါးကို သီးသန့်ဖော်ပြထားရခြင်းမှာ များသော အားဖြင့် ထိုအခြေအနေမျိုးတွင် ပါးကိုသာ ရိုက်လေ့ရှိသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက မျက်နှာ၏ အခြားအစိတ်အပိုင်းများကို ရိုက်နှက်ခြင်းလည်း ဤတားမြစ်ချက်တွင် အကျုံးဝင်သည်။ ဒုတိယအချက်- အလွန်အမင်း သည်းမခံနိုင်ခြင်းကြောင့် အင်္ကျီရင်စကို စွဲဖြဲခြင်း။ တတိယအချက်မှာ - ဂျာဟီလီယသ်အမိုက်ခေတ်၏ ကြွေးကြော်မှုအတိုင်း ကြွေးကြော်ခြင်း။ ဥပမာ- "ပျက်စီးလေပြီ" "ကံဆိုးလေပြီ"စသည်ဖြင့် ညည်းညူခြင်း၊ အော်ဟစ်ငိုကြွေးခြင်း၊ သေသူအတွက် ကြာရှည်စွာ ငိုကြွေးသီဆိုခြင်း စသည်တို့ ပါဝင်သည်။