အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြခဲ့သည်။ သူသည် ဟဂ်ျသုလ်ဝဒါအ်တွင် ဂျမရသုလ် အကဗဟ်ကို ခဲပေါက်သည့် ကုရ်ဗာနီနေ့ နံနက်ခင်းတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား ဂျမရသ်ကို ခဲပေါက်ရန် မိမိအတွက် ကျောက်စရစ်ခဲများကို ကောက်ယူရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့ကြောင့် သူသည် ကိုယ်တော့်အတွက် ကျောက်စရစ်ခဲ ခုနှစ်လုံးကို ကောက်ယူခဲ့ပြီး တစ်လုံးစီသည် ကုလားပဲလုံး သို့မဟုတ် သစ်အယ်သီးအရွယ်အစားခန့်ရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့အား မိမိလက်ဖဝါးပေါ်တွင်တင်ကာ လှုပ်ခတ်ကြည့်တော်မူပြီး မိန့်ကြားတော်မူသည်မှာ- ဤအရွယ်အစားများဖြင့်သာ အသင်တို့ ခဲပေါက်ကြပါ။ ၎င်းနောက် ဆက်လက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သာသနာရေးကိစ္စများတွင် ဘောင်ကျော်ခြင်း၊ အစွန်းရောက်ခြင်းတို့ကို ရှောင်ကြဉ်ကြရန် သတိပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှေးအွမ္မသ်သားတို့သည် သာသနာရးတွင် ဘောင်ကျာ်ခြင်း၊ အစွန်းရောက်ခြင်း တို့ကြောင့် ပျက်စီးခဲ့ကြသည်။