တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အနာဂတ်တွင်ဖြစ်လာမည့် အကွယ်အကြောင်းအရာများကို ဟောကြားသူများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရသည်။ ထိုအခါ ကိုယ်တော်က အသင်တို့သည် ၎င်းတို့ကို ဂရုမစိုက်ကြလေနှင့်။ သူတို့၏စကားကို နားမထောင်ကြလေနှင့်။ သူတို့၏ကိစ္စကို အရေးမစိုက်ကြလေနှင့်ဟု ဖြေကြားခဲ့သည်။ ထိုအခါ မေးမြန်းသူများက ၎င်းတို့၏စကားသည် တစ်ခါတစ်ရံတွင် အဖြစ်မှန်နှင့် ကိုက်ညီသည်လည်း ရှိပါသည်။ အကယ်၍ ၎င်းတို့က အကွယ်ရှိကိစ္စရပ်တစ်ခုအား မည်သည့်လ၊ မည့်သည့်နေ့တွင် ဖြစ်မည်ဟု အသိပေးပြောကြားလိုက်ရာ ထိုကိစ္စသည် ၎င်းတို့စကားအတိုင်း ဖြစ်လာခဲ့သည်ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဂျင်န်များသည် မိုးကောင်းကင်မှကြားရသော စကားကို အလျင်အမြန်သုတ်ယူလာကာ မိမိ၏မိတ်ဆွေ နက္ခတ်ဗေဒင်အကြားအမြင်ဆရာများထံ ဆင်းလာကြပြီး သူတို့ကြားခဲ့သမျှကို ၎င်းတို့အား သတင်းပေးကြသည်။ ၎င်းနောက် ထိုနက္ခတ်ဗေဒင်အကြားအမြင်ဆရာက သူနားထောင်ခဲ့သည့် မိုးကောင်းကင်သတင်း၌ မုသားစကားတစ်ရာ ထပ်ထည့်လိုက်ကြသည်။