တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျာဒူစုန်းပရောဂပြုစားခံရသူအား ကုသရာတွင် ဂျာဟိလိယသ် အစ္စလာမ်မတိုင်မီခေတ်တွင် ပြုလုပ်သည့် နည်းလမ်းဖြစ်သည့် ဂျာဒူကို ဂျာဒူဖြင့်ဖြေပေးခြင်းကဲ့သို့သော နည်းလမ်းမျိုးနှင့်ပတ်သတ်၍ မည်သို့ အမိန့်ဆုံးဖြတ်ချက်ရှိကြောင်း လျှောက်ထားမေးမြန်းခြင်းခံရသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ထိုသို့သော လုပ်ရပ်သည် ရှိုင်သွာန်၏လုပ်ရပ် သို့မဟုတ် ရှိုင်သွာန်၏အကြောင်းခံဖြင့် ပြုလုပ်သည့် လုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်သည် ဂျာဒူစုန်းပရောဂါ၏ အမျိုးအစားများအနက်မှဖြစ်ပြီး ရှိုင်သွာန်၏အကူအညီကို ရယူရသည်။ ထို့ကြောင့် ဤလုပ်ရပ်သည် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှုဖြစ်ပြီး တားမြစ်ထားသည်။ ပြုပိုင်ခွင့်ရှိသည့် နုရှ်ရဟ်ဟူသည် ဂျာဒူအား မန်းမှုတ်ခြင်း သို့မဟုတ် ထိုပြုစားထားသည့်အရာကို ရှာဖွေဖော်ထုတ်ပြီး ၎င်းအရာအား ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်၍ လက်ဖြင့်ဖျက်စီးပစ်ခြင်း သို့မဟုတ် ခွင့်ပြုထားသည့် ဆေးဝါးတို့ဖြင့် ကုသပေးခြင်း တို့ဖြစ်သည်။