တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ငှက်များ၊ တိရစ္ဆာန်များ၊ ရောဂါသည်များ၊ နံပါတ်များ၊ နေ့ရက်များနှင့် အခြားအရာများကို ကြားခြင်း၊ မြင်ခြင်းဖြင့် နိမိတ်ကောက်ခြင်းကို သတိပေးတားမြစ်တော်မူထားသည်။ ဟဒီးဆ်တော်တွင် သွိယရဟ် (ငှက်ဖြင့်နိမိတ်ကောက်ခြင်း)ကို ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ရပ်သည် ဂျဟိလိယ္ယဟ် အမိုက်ခေတ်တွင် အလွန်ပင်ကျော်ကြားသည်။ ၎င်း၏ပုံသဏ္ဌာန်မှာ အလုပ်လုပ်ရန် သိုမဟုတ် ခရီးသွားရန် သိုမဟုတ် ကိစ္စတစ်ခုကိုဆောင်ရွက်ရန် ငှက်တစ်ကောင်ကို လွှတ်လိုက်ပြီး အကယ်၍ငှက်သည် လက်ယာဘက်သို ပျံသန်းသွားပါက နိမိတ်ကောင်းကောက်၍ မိမိရည်ရွယ်ထားသည့်ကိစ္စကို ဆောင်ရွက်သည်။ အကယ်၍ငှက်သည် လက်ဝဲဘက်သို ပျံသန်းသွားပါက နိမိတ်ဆိုးကောက်၍ မိမိရည်ရွယ်ထားသည့်ကိစ္စကို ရပ်တန့်လိုက်သည်။ ကိုယ်တော်က ထိုလုပ်ရပ်ကို ရှိရ်က်ဟု မိန့်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းခြင်းဟူသမျှကို အလ္လာဟ်အရှင်မြတ်ကသာ ချီးမြှင့်တော်မူခြင်းဖြစ်ပြီး မကောင်းခြင်းဟူသမျှကို တစ်ပါးတည်း တည်ရှိတော်မှုသော တုဘက်နှိုင်းယှဉ်ခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှ မဖယ်ရှားပေးနိုင်သည့်အတွက် ထိုသို့ နိမိတ်ဆိုးကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က တင်ပြထားသည်မှာ မွတ်စ်လင်မ်တစ်ဦး၏နှလုံးသားတွင် တစ်ခါတစ်ရံ နိမိတ်ဆိုးကောက်ခြင်း ဖြစ်ပေါ်တတ်သည်။ သို့သော် ၎င်းအနေဖြင့် အကြောင်းခံများကို ကိုင်တွယ်ကာ အလ္လာဟ်အရှင်မြတ်ပါ်တွင် သဝက္ကုလ် ယုံပုံအားကိုးသည့်စိတ်ဖြင့် နိမိတ်ဆိုးကောက်ခြင်းကို ဖယ်ရှားပစ်ရန် အရေးကြီးသည်။