ဤဟဒီးဆ်တော်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့အား အသိပေးမိန့်ကြားထားသည်မှာ နိမိတ်ဆိုးကောက်ခြင်းသည် လူတစ်ဦးအား သူရည်ရွယ်ထားသည့် အတိုင်းဆက်လက်လုပ်ဆောင်ခြင်းမှ အတားဆီးဖြစ်ခဲ့လျှင် ထိုသူသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှု အမျိုးအစားတစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။ ဆွဟာဗဟ်ကြီးများက ကိုယ်တော့်အား ထိုကြီးပြစ်မှုကြီးအား ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်)နှင့်ပတ်သက်၍ မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က ၎င်းတို့အား ဟဒီးဆ်တော်တွင်ဖော်ပြထားသည့် မွန်မြတ်လှသော စာသာများပါရှိသည့် ဒုအာတောင်းဆုတော်ကို ညွှန်ကြားပြသခဲ့သည်။ ထိုတောင်းဆုတော်တွင် အရေးကိစ္စဟူသမျှကို အလ္လာဟ်အရှင်မြတ်ထံသို့သာ လွှဲအပ်ပြီး အရှင်မြတ်မှအပ မည်သူ့တွင်မျှ စွမ်းအားမရှိကြောင်းပါဝင်သည်။