တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိသည် မိမိအွမ္မသ်သားများနှင့်ပတ်သက်၍ အစိုးရိမ်ဆုံးကိစ္စမှာ လူတို့အားပြစား၍ ကောင်းမှုပြုခြင်းဖြစ်သည့် ရှိရ်က်အသေးစားပင် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းနောက် ကိုယ်တော်က ကိယာမသ်နေ့တွင် ပြစားသူတို့၏ ပြစ်ဒဏ်အကြောင်းကို ဆက်လက် မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အား ပြောကြားမည်မှာ သင်တို့ကောင်းမှုပြုကာ ပြစားခဲ့ကြသူများထံ သွားကြပါ။ ၎င်းတို့သည် ထိုကောင်းမှုနှင့် ပတ်သက်၍ အသင်တို့အား အကျိုးတစ်စုံတစ်ရာ ချီးမြှင့်နိုင်စွမ်းရှိကြသလားဆိုသည်ကို အသင်တို့ကြည့်ကြပါ။