တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအလျင် မည်သည့်နဗီတမန်တော်မျှ မပြောခဲ့သော ဒဂျ်ဂျာလ်၏ သွင်ပြင်လက္ခဏာများကို မိမိသာဝကများအား မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အနက် အချို့မှာ ၎င်းသည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူနှင့်အတူ မျက်စိအမြင်အရ ဂျန္နသ်နှင့် ငရဲမီးကဲ့သို့သောအရာကို ဖန်ဆင်းပေးထားတော်မူသည်။ သို့သော် ထိုဂျန္နသ်သည် အမှန်တကယ်တွင် ငရဲမီးဖြစ်ပြီး၊ ငရဲမီးသည် အမှန်တကယ်တွင် ဂျန္နသ်ဖြစ်သည်။ မည်သူမဆို ၎င်း၏အမိန့်ကို နာခံပါက ထိုသူအား လူတို့မြင်နေရသည် ဂျန္နသ်ထဲသို့ ထည့်သွင်းမည်ဖြစ်သည်။ သို့သော် ၎င်းသည် ပူလောင်သောငရဲမီးပင်ဖြစ်သည်။ ထို့အတူ မည်သူမဆို ၎င်း၏အမိန့်ကို ဖီဆန်ပါက ထိုသူအား လူတို့မြင်နေရသည် ငရဲမီးထဲသို့ ထည့်သွင်းမည်ဖြစ်သည်။ သို့သော် ၎င်းသည် သန့်ပြန့်သော ဂျန္နသ်ပင်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နူးဟ်(အလိုင်းဟိစ္စလာမ်)က မိမိအမျိုးသားများကို သတိပေးနှိုးဆော်ခဲ့သည့်အတိုင်း ဒဂျ်ဂျာလ်၏ ဘေးအန္တရာယ်မှ ကျွန်ုပ်တို့အား သတိပေးနှိုးဆော်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နူးဟ်(အလိုင်းဟိစ္စလာမ်)က မိမိအမျိုးသားများကို သတိပေးနှိုးဆော်ခဲ့သည့်အတိုင်း ဒဂျ်ဂျာလ်၏ ဘေးအန္တရာယ်မှ ကျွန်ုပ်တို့အား သတိပေးနှိုးဆော်တော်မူခဲ့သည်။