အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအစ္စလာမ်သာသနာသည် ကမ္ဘာမြေ၏ နေရာအသီးသီးသို့ ပြန့်နှံ့သွားမည်ဖြစ်ကြောင်း ကြိုတင်မိန့်ကြားတော်မူခဲ့သည်။ ညနှင့်နေ့ ရောက်ရှိရာ မည်သည့်နေရာဒေသမဆို ဤသာသနာရောက်ရှိသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မြို့ပြရှိ(လူများ၏) အိမ်များ သို့မဟုတ် ကျေးလက်တောတောင်ရှိ( လူများ၏)အိမ်များကိုပင် ဤဒီန်(အစ္စလာမ်သာသနာ) ကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ဖြစ်ရာ မည်သူမဆို ဤသာသနာကို လက်ခံယုံကြည်ပါက အစ္စလာမ်သာသနာ၏ ဘုန်းတန်ခိုးကြောင့် ဂုဏ်သိက္ခာရှိသူ ဖြစ်မည်ဖြစ်ပြီး၊ မည်သူမဆို ထိုသာသနာအား ငြင်းပယ်ပါက ဂုဏ်သိက္ခာမဲ့ကာ သေးသိမ်သူအဖြစ် နှိမ့်ချခြင်းကို ခံရသူဖြစ်ပေမည်။ ထို့နောက် သမီးမ်အဒ်ဒါရီ (ရဿွိယလ္လာဟုအန်ဟု) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်းကို မိမိ၏ မိသားစုဝင်များထဲ၌ပင် ကိုယ်တွေ့မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့ထဲမှ အစ္စလာမ်သာသနာကို လက်ခံခဲ့ကျသူများသည် ကောင်းခြင်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်အသရေတို့ကို ရရှိခဲ့ကြသည်။ သို့ရာတွင် ကုဖုရ်ငြင်းပယ်ခဲ့ကျသူများမှာမူ သေးသိမ်နိမ့်ကျခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်းအပြင်၊ မွတ်စ်လင်မ်များအား အခွန်ကြေးဆောင်ရခြင်းတို့ကို ခံစားခဲ့ကြရသည်။