တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် မှာ လူတို့အနက် အဆိုးဆုံးသူများသည်အသက်ရှင်လျက်နှင့် ကိယာမသ်ကို ကြုံကြိုက်သူများ၊ ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်) များအဖြစ် ပြုလုပ်ကြသူများ၊ သင်္ချိုင်းများ၌ လည်းကောင်း သင်္ချိုင်းများဘက်သို့လှည့်၍ လည်းကောင်း ဆွလာသ်ဆောက်တည်ကြသူများ ဖြစ်ကြသည်။