တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်မတိုင်မီက ကုရိုင်ရှ်ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ အဗ်ဒုလ္လာဟ်ဗင်န် ဂျုဒ်အာန် ဆောင်ရွက်ခဲ့သည့် အစ္စလာမ်သာသနာက တိုက်တွန်းထားသော ကောင်းမှုများဖြစ်သည့် ဆွေမျိုးသားချင်း အဆက်ထားခြင်း၊ ဆွေမျိုးများကို ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ဆင်းရဲသားများကို ကျွေးမွေးခြင်းစသည်တို့အပြင် အခြားကောင်းမှုများသည် နောင်တမလွန်အာခိရသ်တွင် ၎င်းအား အကျိုးမပေးနိုင်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ အကျိုးမပေးရခြင်းမှာ ၎င်းသည် အလ္လာဟ်အရှင်မြတ်ကို ကုဖ်ရ် သွေဖည်ငြင်းပယ်ခဲ့ပြီး တစ်ရက်တလေမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိသည့်အတွက်ဖြစ်သည်။