တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မွတ်စ်လင်မ်တို့ အခြေအနေသည် တစ်ဦးကိုတစ်ဦး အကောင်းလိုလားခြင်း၊ ကရုဏာထားခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ဘေးအန္တရာယ် ကျရောက်သည့်အခါ ဒုက္ခခံစားရခြင်းတို့တွင် ခန္ဓာကိုယ်တစ်ခုအလားဖြစ်ရန် လိုအပ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။