တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကာဖိရ်တစ်ဦးသည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပါက ၎င်းသူအစ္စလာမ်သာသနာကို လက်မခံမီ ဂျာဟိလိယဟ် အမိုက်ခေတ်တွင် ပြုလုပ်ခဲ့သော ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်း၊ ဆွေမျိုးဆက်ခြင်း စသည့်အမလ်ကောင်းမှုများ၏ အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။