တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် ဝူဿွူ ပြုလုပ်ပြီးနောက် ခြေအိတ်များ ဝတ်ဆင်ခဲ့မည်။ ထို့နောက် ဝူဿွူ ပျက်ပြားသွားသည့်အခါ သူအလိုရှိပါက သတ်မှတ်ထားသော ကာလအထိ ယင်းခြေအိတ်များပေါ်၌ မစဟ် (ပွတ်သတ်ခြင်း) ပြုလုပ်ခွင့်ရှိပြီး၊ ယင်းခြေအိတ်များကို ချွတ်ရန်မလိုဘဲ ဝတ်ဆင်ထားလျှက်ပင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်ဟု မိန့်ကြားတော်မူထားသည်။ သို့ရာတွင် ဂျနာဗသ် (ရေချိုးရမည့် အခြေအနေ) ဖြစ်ပေါ်ပါက ခြေအိတ်များကို ချွတ်၍ ဂုစုလ် (ရေချိုးခြင်း) ပြုလုပ်ရမည်ဖြစ်သည်။