အုဗာဒဟ် ဗင်န် ဆွာမစ်သ် (ရဿွယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ၎င်းသည် ဗဒရ်စစ်ပွဲကြီးတွင် ပါဝင်ခဲ့ပြီး၊ မီနာရှိ အက်ဗဟ် (တောင်ခြေတွင်ပြုလုပ်သည့် ဗိုင်အသ်သစ္စာခံယူသည့်) ညတွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကူညီရန်အတွက် ဗိုင်အသ်သစ္စာခံယူရန် လာရောက်ခဲ့ကျသော လူမျိုးစု၏ အကြီးအကဲလည်း ဖြစ်သည်။ (အဆိုပါဖြစ်ရပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မဒီနာသို့ ရွှေ့ပြောင်းခြင်းမပြုမီ မက္ကာတွင်ရှိစဉ်က ဖြစ်သည်။) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်သာဝကများကြားတွင် ထိုင်လျက်ရှိနေခဲ့သည်။ ထို့နောက် ၎င်းတို့အား အောက်ပါကိစ္စရပ်များအတွက် ဗိုင်အသ်ကတိသစ္စာပြုကြရန် တောင်းဆိုခဲ့သည်- ၁။ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရာတွင် အရှင်မြတ်နှင့် တစ်စုံတစ်ရာကို အနည်းငယ်မျှပင် ရှိရ်က်(ယှဉ်တွဲကိုးကွယ်ခြင်း) ပြုမည်မဟုတ်။ ၂။ ခိုးဝှက်ခြင်း မပြု။ ၃။ စက်ဆုပ်ဖွယ်ရာဇိနာကို ကျူးလွန်မည် မဟုတ်။ ၄။ ဆင်းရဲနွမ်းပါးမည်စိုးရိမ်၍ သားယောကျ်ားလေးများကို သတ်ဖြတ်ခြင်းနှင့် အရှက်တကွဲ ဖြစ်မည်ကိုစိုးရိမ်၍ သမီးမိန်းကလေးများကို သတ်ဖြတ်ခြင်း ပြုမည်မဟုတ်။ ၅။ မိမိတို့၏ လက်များနှင့် ခြေများဖြင့် မည်သည့်မုသားလိမ်လည်မှုတစ်ခုကိုကိုမျှ မယူဆောင်လာရပေ။ (အများအားဖြင့် လုပ်ရပ်အများစုသည် ဤအစိတ်အပိုင်းနှစ်ခုမှ ဖြစ်ပေါ်တတ်သော်လည်း အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများလည်း ပါဝင်နိုင်သည်)။ ၆။ ကောင်းသည့်ကိစ္စရပ်များတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝသလ္လမ်)၏ အမိန့်ဖီဆန်ခြင်းမပြုပါ။ ၎င်းတို့အနက် မည်သူမဆို ထိုကတိတော်အတိုင်း စွဲမြဲစွာရပ်တည်ပြီး လိုက်နာကျင့်သုံးပါက ထိုသူ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည်။ မည်သူမဆို ဖော်ပြပါအရာများအနက် တစ်စုံတစ်ရာ (အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ပြုလုပ်ခြင်းမှအပ)ကို ကျူးလွန်ပြီး လောကီဘဝ၌ပင် အပြစ်ဒဏ်ခံရလျှင် ထိုပြစ်ဒဏ်သည် သူ့အတွက် အပြစ်ဖြေပေးမည့် ကဖ်ဖါရဟ်ဖြစ်ပြီး ထိုသို့သောအားဖြင့် အပြစ်အကုသိုလ်မှာ ကင်းရှင်းသွားသည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်ပြီးနောက် အလ္လာဟ်အရှင်မြတ်က ဖုံးကွယ်ထားတော်မူပါက၊ ထိုသူ၏အရေးကို အလ္လာဟ်အရှင်မြတ်သာ စီရင်တော်မူမည်။ အကယ်၍ အရှင်မြတ်အလိုတော်ရှိပါက လွှတ်ငြိမ်းခွင့်ပေးတော်မူမည်၊ သို့မဟုတ်ပါက အပြစ်ဒဏ်ခတ်တော်မူမည်။ ထို့နောက် ရောက်ရှိလာသူအားလုံးတို့သည် တမန်တော်မြတ်ထံ ထိုအချက်များအပေါ်၌ ဗိုင်အသ်ကတိသစ္စာပြုခဲ့ကြပါသည်။