တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဗန္ဒဟ်ကျေးကျွန်များ၏ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည်။ ဗန္ဒဟ်တစ်ဦးသည် နေ့အချိန်၌ အပြစ်ကျူးလွန်မိပြီး ညအချိန်၌ သောင်ဗဟ်လုပ်(အမှားဝန်ချတောင်းပန်)လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ ထိုနည်းတူ ညအချိန်၌ အပြစ်ကျူးလွန်မိပြီး နေ့အချိန်၌ သောင်ဗဟ်(အမှားဝန်ချတောင်းပန်လျှင်) အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ အရှင်မြတ်သည် သောင်ဗဟ်(အမှားဝန်ချတောင်းပန်မှု) အား ဝမ်းမြောက်တော်မူသဖြင့် မိမိ၏ လက်တော်ကို ၎င်းသောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည့်အနေဖြင့် ဖြန့်ထားတော်မူသည်။ ဤကမ္ဘာလောက၏ အဆုံးသတ်ကို ညွှန်ပြသည့်အနေဖြင့် နေသည် အနောက်အရပ်မှ ထွက်ချိန်တိုင်အောင် သောင်ဗဟ်ဝန်ချတောင်းပန်မှု၏တံခါးသည် ပွင့်လျက်ရှိသည်။ နေသည် အနောက်အရပ်မှ ထွက်သည့်အခါတွင် သောင်ဗဟ် ဝန်ချတောင်းပန်မှု၏တံခါးသည် ပိတ်သွားမည်ဖြစ်သည်။