လူသားသည် အပြစ်နှင့် မကင်းပေ။ အဘယ်ကြောင့်ဆိုသော် လူသားတွင် အားအင်ချည့်နဲ့မှုသည် ပင်ကိုဗီဇအဖြစ်ရှိနေပြီး မိမိအရှင်မြတ်က အမိန့်ပေးထားသည့် အရာများကို နာခံခြင်းနှင့် တားမြစ်ထားသည့် အရာများကို ရှောင်ကြဉ်ခြင်းတို့တွင် လိုက်နာမှု မရှိသည့်အတွက်ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှု၏ တံခါးကို ဖွင့်ပေးထားပြီး ထိုသို့ အလွန်ပင်အမှားကျူးလွန်ကြသူများအနက် အကောင်းဆုံးသူသည် မြောက်မြားစွာ အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြောင်း အသိပေးထားသည်။