တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားထားသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးဆ်ကုဒ်ဆီ၌အမိန့်ရှိတော်မူသည် အို - လူသား အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင်မြတ်၏ကရုဏာတော်ကိုမျှော်လင့်ချက်မကင်းဘဲ မျှော်လင့်ချက်ထားနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်အကုသိုလ်များကို ပြစ်မှုကြီးပင်ဖြစ်လင့်ကစား ဂရုမစိုက်ဘဲ ဖုံးကွယ်ထား၍ပယ် ဖျက်ပေးတော်မူပေမည်။ အို - အာဒမ်၏သားမြေး အကယ်၍ အသင်၏အကုသိုလ်များသည် အလွန်များသောကြောင့် မိုးကောင်းကင်နှင့် မြေပထဝီ၏ကြားပြည့်လျှံသွားပြီး မြေပထဝီ၏နေရာအနှံ့အပြားသို့ရောက်ရှိသွားလောက်သည့်အထိအကုသိုလ်များ အလွန်များနေလျှင်လည်း အသင်သည် ငါအရှင့်ထံတော်ပါးတွင် ခွင့်လွှတ်ချမ်းသာတောင်းခံခဲ့ပါက ငါအရှင်မြတ်သည် ပြစ်မှုများ အလွန်များနေခြင်းကို ဂရုမစိုက်ဘဲအသင့်အား ခွင့်လွှတ်ချမ်းသာပေးတော်မည်ဖြစ်သည်။ အို - အာဒမ်၏သားမြေး အကယ်၍အသင်သည် သေဆုံးကွယ်လွန်ပြီးနောက် ငါအရှင့်ထံတော်ပါးသို့မြေပထဝီနှင့်အညီအကုသိုလ်များဖြင့်ရောက်လာခဲ့ပြီး တဖန် ငါအရှင်နှင့် ရှိရ်က်တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းလည်းမပြုဘဲ ငါအရှင်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်သောသူအဖြစ်ကွယ်လွန်သွားခဲ့ပါက ငါအရှင်မြတ်သည် ယင်းမြေပထဝီနှင့်အမျှပြည့်လျှံနေသော အကုသိုလ်များကို မြေပထဝီနှင့်အမျှပြည့်လျှံနေသောခွင့်လွှတ်မှုဖြင့် ဖလှယ်ပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ငါအရှင်မြတ်သည် အလွန်တရာခွင့်လွှတ်တော်မူသောအရှင်ဖြစ်ပြီး ငါအရှင်သည် ရှိရ်က်မှအပ အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်တော်မူပေမည်။