တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိစ္စရပ်နှစ်ခုကို ပြောပြတော်မူပြီး မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ယင်းကိစ္စနှစ်ခုအား ထိန်းသိမ်းမည်ဆိုပါက မုချဂျန္နသ်သုခဘုံသို့ဝင်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ပထမတစ်ခုမှာ အလ္လာဟ်အရှင်မြတ်အမျက်တော်ရှစေမည့် စကားများမှ နှုတ်လျှာအားထိန်းသိမ်းခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ စက်ဆုတ်ဖွယ်ရာကိစ္စများ ကျူးလွန်ခြင်းမှ အရှက်အင်္ဂါအားထိန်းသိမ်းခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအစိတ်အပိုင်းနှစ်ခုသည် မကောင်းမှုဒုစရိုက်များတွင် အများဆုံးကျရောက်တတ်သည့်အတွက်ဖြစ်သည်။