တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေမည့် အကြီးကျယ်ဆုံးအကြောင်းခံနှစ်ခုအား ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားတို့ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’တရားထားခြင်းဟူသည် သင်နှင့် အလ္လာဟ်အရှင်မြတ်၏ အဇာဗ်ပြစ်ဒဏ်ကြားတွင် အကာကွယ်ထားခြင်းဖြစ်ပြီး ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလိုက်နာကာ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဟူသည် မျက်နှာချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ ဒုက္ခများကို တားဆီးဖယ်ရှားခြင်း စသည်တို့ဖြစ်သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်စေမည့် အကြီးကျယ်ဆုံးအကြောင်းခံနှစ်ခုအား ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်။ နှုတ်လျှာ၏ အပြစ်အကုသိုလ်မှာ မုသားပြောခြင်း၊ အတင်းပြောခြင်း၊ ကုန်းချောခြင်း စသည်တို့ဖြစ်ပြီး အရှက်အင်္ဂါ၏ အပြစ်အကုသိုလ်မှာ ဇိနာ တရားမဝင်ကားမ ကျူးလွန်ခြင်း၊ လိင်တူဆက်ဆံခြင်း စသည်တို့ဖြစ်သည်။