တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- လူတို့၏မျိုးရိုးဂုဏ်သိက္ခာကို အလွန်ကဲ့ရဲ့ရှုံ့ချသူ၊ များစွာဆဲရေးတိုင်းထွာသူနှင့် အလွန်ကျိန်ဆဲသူ၊ စက်ဆုပ်ဖွယ်ကောင်းသောအပြုအမူနှင့် ရိုင်းစိုင်းသောစကားကို မရှက်မကြောက်ဘဲ ပြောဆိုတတ်သူဖြစ်ခြင်းတို့သည် အီမာန်ပြည့်ဝသောမုအ်မင်န်တစ်ဦး၏ အချင်းလက္ခဏာမဟုတ်ပေ။