တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) သခင်မအား နူးညံ့သိမ်မွေ့စွာဆက်ဆံရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျွန်များအပေါ် အလွန်သိမ်မွေ့နူးညံ့တော်မူ၍ သူတို့အတွက် လွယ်ကူချောင်ချိမှုကို လိုလားတော်မူပြီး ခက်ခဲမှုကို လိုလားတော်မမူပေ။ သူတို့ တတ်စွမ်းနိုင်သည်ထက် ပို၍ တာဝန်ပေးအပ်တော်မမူပေ။ ထို့ပြင် မိမိ၏ ဗန္ဒဟ်ကျေးကျွန်သည် နူးညံ့သိမ်မွေ့မှု၊ လွယ်ကူချောင်ချိသောနည်းလမ်းကို ကိုင်တွယ်လိုက်နာမှုတို့နှင့် ပြည့်စုံစေလိုတော်မူ၍ ကြမ်းတမ်းခက်ထန်သူ မဖြစ်စေလိုပါ။ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝ၌ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုအပေါ် ချီးမွမ်းခြင်း၊ လိုရာဆန္ဒများပြည့်ဝခြင်းနှင့် ရည်မှန်းချက်များတွင် လွယ်ကူမှုကဲ့သို့သော ကောင်းချီးများကို ချီးမြှင့်ပေးတော်မူသည်။ နောင်တမလွန်ဘဝတွင်လည်း အရှင်မြတ်သည် ထိုသို့သောသူအား ကြီးမားသောအကျိုးဆုလာဘ်ကို ချီးမြှင့်တော်မူမည်ဖြစ်ပြီး ထိုသို့သောဆုလာဘ်ကို ခက်ထန်ကြမ်းတမ်းမှုပေါ် ချီးမြှင့်တော်မူခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် နူးညံ့သိမ်မွေ့မှုဖြင့် ရရှိသောအကျိုးကျေးဇူးများကို အခြားသောအရာများဖြင့် ရယူ၍မရနိုင်သောကြောင့်ပင် ဖြစ်သည်။