တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိတို့၏ လက်အောက်ခံများ၊ အုပ်ချုပ်ခံများ၊ မိသားစုဝင်များကြားတွင် မှန်ကန်၊မျှတစွာ အုပ်ချုပ်သူများသည် ကိယာမသ်နေ့၌ ဂုဏ်ပြုချီးမြှောက်ခြင်းခံရပြီး နူးရ်အလင်းရောင်ဖြင့် ဖန်ဆင်းထားသည့် အဆင့်အတန်းမြင့်မားလှသောပလ္လင်များပေါ်တွင် ထိုင်လျက်ရှိနေကြလိမ့်မည်။ ထိုပလ္လင်များသည် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင်ရှိမည်ဖြစ်သည်။ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်တော်နှစ်ဘက်သည် လက်ယာပင်ဖြစ်သည်။