နဗီတမန်တော်မြတ် (ﷺ) သည် အဗ်ဒွလ်ကိုင်စ်မျိုးနွယ်မှ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ အလ်အရှဂျ် မွန်ဇိရ် ဗင် အာအိဇ် (ရဿွိယလ္လာဟု အန်ဟု) အား မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ ၎င်းတို့မှာ ပညာဉာဏ်ဖြင့် ဆင်ခြင်ခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ် သိမ်မွေ့ပြီး အလျင်စလို မလုပ်ခြင်း တို့ပင်တည်း။