တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ လူတို့အနက် အီမာန်ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ ကောင်းမြတ်သည့်ကိုယ်ကျင့်တရား၏ စရိုက်လက္ခဏာမှာ ပြုံးရွှင်ချိုသာသောမျက်နှာရှိခြင်း၊ ကောင်းကျိုးပြုခြင်း၊ ကောင်းမွန်ချိုသာစွာ စကားပြောခြင်း၊ ဘေးဒုက္ခများကို ကာကွယ်ပေးခြင်း စသည်တို့ဖြစ်သည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အကောင်းဆုံးသူမှာ မိမိဇနီး၊ သမီး၊ အစ်မ၊ နှမ၊ သားချင်းတော်စပ်သည့် အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမတို့သည် လူတို့အနက် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့် ဆက်ဆံရန် အထိုက်တန်ဆုံးသူများ ဖြစ်ကြသည်။