ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟု)တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိအား အကျိုးဖြစ်စေမည့်အရာကို ညွှန်ကြားပြသပေးရန်တောင်းဆိုခဲ့သည်။ ကိုယ်တော်က သူ့အား ဒေါသမထားရန် မိန့်ကြားတော်မူခဲ့သည်။ ဆိုလိုသည်မှာ ဒေါသဖြစ်စေသော အကြောင်းတရားများကို ရှောင်ကြဉ်ရန်၊ ဒေါသဖြစ်လျှင်လည်း မိမိကိုယ် မိမိထိန်းချုပ်ရန်နှင့် ဒေါသအလျှောက် သတ်ခြင်း၊ ရိုက်ပုတ်ခြင်း၊ ဆဲဆိုခြင်း စသည်တို့ကို မကျူးလွန်ရန်ဖြစ်သည်။ ထိုသူက ဆုံးမစကားပြောကြားရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “အသင်ဒေါသမထားနှင့်“ ဟူသည့် စကားအပြင် မည်သည့်စကားမျှ ထပ်မပြောခဲ့ပေ။