နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် မိမိအတွက် နှစ်သက်လိုလားသော ကောင်းမှုများ၊ သာသနာရေးနှင့် လောကီရေးတွင်ရှိသောကောင်းကျိုးအားလုံးကို မိမိ၏ညီနောင်အတွက်နှစ်သက်လိုလားခြင်း မရှိသရွေ့မိမိ၏အီမာန်သက်ဝင်ယုံကြည်မှုပြည့်ဝမည်မဟုတ်ပေ။ မိမိအတွက်မိမိမနှစ်သက်သောအရာများကို မိမိ၏ညီ နောင်အတွက်လည်း နှစ်သက်ခြင်းမျိုးမရှိရ။ အကယ်၍ မိမိ၏မွတ်စ်လင်မ်ညီနောင်တွင်ဘာသာရေးဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ရာကို တွေ့မြင်ပါက သူ့အားပြုပြင်ပေးရန် ကြိုးစားအားထုတ်ရမည်။ အကယ်၍သူ့ထံတွင်ကောင်းခြင်းတစ်စုံတစ်ရာကို တွေ့မြင်ရပါက ထောက်ပံ့ကူညီပေးရမည်။ သူ့၏ဘာ သာရေး၊ လောကီရေးနှစ်ပတ်သက်၍ ကောင်းခြင်းကိုသာ ရှေးရှုပြီးပြောဆိုဆက်ဆံရမည်။