တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည် ကိုယ်ကျင့်တရားပိုင်ရှင်အား (နေ့တွင်) အမြဲတစေ ဆွိယာမ်ဥပုသ်စောင့်ထိန်းပြီး ညတွင် အမြဲဆွလာသ် ဆောက်တည်သည့် အဆင့်အတန်းသို့ ပို့ဆောင်ပေးသည်။ ကောင်းမြတ်သည့်ကိုယ်ကျင့်တရား၏ စရိုက်လက္ခဏာမှာ ကောင်းကျိုးပြုခြင်း၊ ကောင်းမွန်ချိုသာစွာ စကားပြောခြင်း၊ ပြုံးရွှင်ချိုသာသောမျက်နှာရှိခြင်း၊ ဘေးဒုက္ခများကို ကာကွယ်ပေးခြင်း၊ လူတို့ပေးသည့် ဒုက္ခအခက်အခဲများကို သည်းခံခြင်း စသည်တို့ဖြစ်သည်။