တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မှန်သောစကားကိုသာ ပြောဆိုရန်အမိန့်ပေးထားသည်။ မှန်သောစကားကိုသာ စွဲမြဲစွာပြောဆိုခြင်းက ထာဝရတည်ရှိမည့်ကောင်းမှုဆီသို့ပို့ ဆောင်ပေးသည်။ ကောင်းမှုကိုစွဲမြဲစွာပြုလုပ်သူအား ယင်းကောင်းမှုက ဂျန္နသ်ဘက်သို့ ပို့ဆောင်ပေးသည်။ သိသာသည်ဖြစ်စေ၊ မသိသာသည်ဖြစ်စေ မှန်သောစကားကိုသာ ထပ်တလဲလဲပြောဆိုလျက်ရှိရာ အလွန်ပင်မှန်သောစကားပြောဆိုသူဟူသည့်အမည်နှင့်ထိုက်တန်သွားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မုသားပြောခြင်း၊ မှားယွင်းသည့်စကားကို ပြောခြင်းမှတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် မုသားသည် ဖြောင့်မတ်မှန်ကန်စွာရပ်တည်ခြင်းမှ မကောင်းသောလုပ်ရပ်နှင့်အကုသိုလ်များဘက်သို့ ယိမ်းယိုင်စေသည်။ တဖန် ဂျဟန္နမ်ငရဲမီးသို့လည်းပို့ဆောင်ပေးသည်။ ထို့ပြင် မုသားပြောသူသည် များစွာမုသားပြောဆိုမှုကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်ပင်မုသားပြောသူဟု သတ်မှတ်ခြင်းခံရလေတော့သည်။