အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတစ်ဦးက သူ၏ညီနောင်အား အရှက်တရားအကြောင်း ပြောကြားနေသည်ကို ကြားတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်သည်။ صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

လူတစ်ဦးသည် မိမိညီနောင်တစ်ဦးအား အလွန်အမင်းအရှက်တရားထားခြင်းမပြုရန် ဆုံးမနေသည်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကြားတော်မူခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်ပြီး ၎င်းသည် ကောင်းကျိုးကိုသာ ယူဆောင်လာကြောင်း ရှင်းပြတော်မူခဲ့သည်။ အရှက်တရားသည် ကောင်းမြတ်သည့်လုပ်ရပ်များကို လုပ်ဆောင်ရန်နှင့် မကောင်းသည့်လုပ်ရပ်များကို စွန့်လွှတ်ရန် တိုက်တွန်းပေးသော ကိုယ်ကျင့်တရားကောင်းတစ်ခု ဖြစ်သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • ကောင်းမှုကိုဆောင်ရွက်ရန် သင့်အား တားဆီးသောအရာကို အရှက်တရားဟု မခေါ်ဘဲ ၎င်းအား ရှက်ရွံ့မှု၊ မတတ်စွမ်းနိုင်မှု၊ ချည့်နဲ့မှု၊ သူရဲဘောကြောင်မှု ဟုသာခေါ်ဆိုရမည်။
  • အလ္လာဟ်အရှင်မြတ်အား အရှက်တရားထားရှိခြင်းဟူသည် အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
  • အဖန်ဆင်းခံများအား အရှက်တရားထားရှိခြင်းဟူသည် ၎င်းတို့အား ဂုဏ်ပေးလေးစားခြင်း၊ ၎င်းတို့၏ အဆင့်အတန်းနှင့်အညီ ဆက်ဆံခြင်း၊ လူတို့ထံ၌ ညစ်ညမ်းသည်ဟု သတ်မှတ်ထားသည့်အရာများမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။
explain-icon

ထပ်၍