လူတစ်ဦးသည် မိမိညီနောင်တစ်ဦးအား အလွန်အမင်းအရှက်တရားထားခြင်းမပြုရန် ဆုံးမနေသည်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကြားတော်မူခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်ပြီး ၎င်းသည် ကောင်းကျိုးကိုသာ ယူဆောင်လာကြောင်း ရှင်းပြတော်မူခဲ့သည်။ အရှက်တရားသည် ကောင်းမြတ်သည့်လုပ်ရပ်များကို လုပ်ဆောင်ရန်နှင့် မကောင်းသည့်လုပ်ရပ်များကို စွန့်လွှတ်ရန် တိုက်တွန်းပေးသော ကိုယ်ကျင့်တရားကောင်းတစ်ခု ဖြစ်သည်။