သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုပုံစံ တစ်စိတ်တစ်ပိုင်းကို ဆင့်ပြန်ခဲ့သည်။ ၎င်းကပြသသည်မှာ သူသည် ဆွလာသ်ဆောက်တည်ရန် မတ်တပ်ရပ်သည့်အခါ သက္ကဗီရ်သဟ်ရီမဟ် ရွတ်ဆိုသည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်ရန်သွားသည့်အခါ၊ စဂ်ျဒဟ်ဦးချရန်သွားသည့်အခါ၊ စဂ်ျဒဟ်မှပြန်ထသည့်အခါ၊ ဒုတိယ စဂျ်ဒဟ်ဦးချသည့်အခါ၊ ၎င်းမှပြန်ထသည့်အခါ၊ သုံးရကအသ်ရှိသည့်ဆွလာသ် (သို့) လေးရကအသ်ရှိသည့်ဆွလာသ်တွင် ပထမ နှစ်ရကအသ်ပြီးနောက် ပထမသရှဟ်ဟုဒ်အတွက် ထိုင်ပြီးနောက် မတ်တပ်ပြန်ရပ်ရာတွင် သက္ကဗီရ် ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ဆွလာသ်ထဲတွင် ထိုအတိုင်းပြုလုပ်ခဲ့သည်။ ရုကူအ်မှမိမိ၏ကျောကို ပြန်ကြွသည့်အခါ ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ဆိုသည်။ ထို့နောက် မတ်တပ်ရပ်လျက် ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ဟုဆိုသည်။ ထို့နောက် အဗူဟုရိုင်ရဟ်ရဿွိယလ္လာဟုအန်ဟု)က ဆွလာသ်ပြီးဆုံးသွားသည့်အခါပြောကြားသည်မှာ- အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိဉာဥ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုကဲ့သို့ပင်ဖြစ်သည်။