တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မိမိဆွလာသ်အား ခိုးဝှက်သူသည် လူတို့အနက် အဆိုးရွားဆုံး ခိုးဝှက်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်းသည် တစ်ခါတစ်ရံ လောကီဘဝတွင် အကျိုးဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဆွလာသ်သူခိုးမှာမူ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် မိမိရရှိမည့်အကျိုးကုသိုလ်ကို ခိုးဝှက်လိုက်ခြင်းဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်သာဝကကြီးများက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည်‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့ကို ကောင်းမွန်ပြည့်စုံစွာမပြုဘဲ အလျင်အမြန် ပြုလုပ်ခြင်းဖြစ်သည်။