အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစားအသောက်များ အသင့်ရောက်ရှိနေပြီး ဆွလာသ်ဝတ်ပြုသူ၏ စိတ်သည် ထိုအစားအသောက်အပေါ် အာရုံရောက်နေသည့် အခြေအနေမျိုးတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်တော်မူသည်။ ထို့အတူ ဆီးနှင့်ဝမ်းကိုချုပ်တည်း၍ ဆွလာသ်ဝတ်ပြုခြင်းကိုလည်း တားမြစ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုသို့ချုပ်တည်းနေခြင်းကြောင့် အာရုံပျံ့လွင့်မှုဖြစ်စေသည်။