တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် မည်သည့်ဖရ်ဿ်ွဆွလာသ်ကိုမဆို ဝတ်ပြုရန် မေ့လျော့သွားပြီး အချိန်ကုန်သွားပါက ထိုသူသည် သတိရလျှင်ရခြင်း ထိုဆွလာသ်အား ကဿွာ ဆောက်တည်လိုက်ရမည်။ မွတ်စ်လင်မ်တစ်ဦးအဖို့ သတိရသည့်အခါ ဆွလာသ်ကိုဝတ်ပြုလိုက်ခြင်းမှလွဲ၍ ဆွလာသ်အား စွန့်လွှတ်ခဲ့သည့်အကုသိုလ်ကို ပယ်ဖျက်ပေးမည့်အရာ၊ ဖုံးကွယ်ပေးမည့်အရာဟူ၍ မရှိပါ။ ကုရ်အာန်ကျမ်းမြတ်၌ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ - (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄) ဆိုလိုသည်မှာ ဝတ်ပြုရန်မေ့သွားသော ဆွလာသ်ကို အသင်သတိရသည့်အခါ ဝတ်ပြုပါလေ။