တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွလာသ်အတွင်း၌ ဒုအာဖတ်နေစဉ်ဖြစ်စေ၊ အခြားအချိန်ဖြစ်စေ မိမိတို့၏မျက်လုံးများကို မိုးကောင်းကင်သို့ မော့ကြည့်သောသူများအား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် ထိုသို့ပြုလုပ်သူများအား ပြင်းထန်စွာ ပြစ်တင်သတိပေး၍ “သူတို့၏မျက်စိအမြင်များ သိမ်းဆည်းခြင်းခံရမည်ကို ကျွန်ုပ် စိုးရိမ်မိသည်” — ဆိုလိုသည်မှာ ရုတ်တရက် ၎င်းတို့၏ မျက်စိအမြင်များ ပျောက်ကွယ်သွားပြီး ၎င်းတို့ပင် မသိလိုက်ဘဲ မျက်စိအမြင်အာရုံဆိုင်ရာ နိအ်မသ်တော်မှ ကင်းမဲ့သွားကြရလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။