တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်မုချ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၊ မုနာဖိက် အရေခြုံများကြားတွင်ရှိသည့် အကာအကွယ်ပေးခြင်း၊ ကတိသစ္စာတရားနှင့် သက်ဆိုင်သည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက မုချထိုသူသည် ကာဖိရ်ဖြစ်သွားမည်ဖြစ်သည်။