တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် ဖခင်သည် သားသမီးများ အသက်ခုနှစ်နှစ် အရွယ်သို့ ရောက်သည့်အခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်ဖြစ်ပြီး ဆွလာသ်ဆောက်တည်ရန် လိုအပ်သည့် အရာများအားသင်ကြားပေးရမည်။ ၎င်းတို့ အသက်ဆယ်နှစ်အရွယ်သို့ ရောက်လာသောအခါ အမိန့်ပေးရုံ သက်သက်မဟုတ်ဘဲ ဆွလာသ်ကိုပေါ့ဆပါက ရိုက်၍ဆုံးမရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကြားတွင် အိပ်ရာများခွဲသိပ်ရမည်ဖြစ်သည်။