ဗုရိုင်ဒဟ်ဗင်န် ဟုဆွိုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။ صحيح - رواه البخاري