တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်စဉ် သုံးနေရာ၌ လက်နှစ်ဖက်ကို (ပခုံးနှင့် လက်မောင်းဆုံသည့်) ပခုံးဆစ်နှစ်ဖက်နှင့် တစ်တန်းတည်း သို့မဟုတ် တပြေးတည်း မြှောက်တော်မူခဲ့သည်။ ပထမနေရာမှာ ဆွလာသ်စတင်ရန် ‘သက္ကဗိရ် သဟ်ရီမဟ်’ ဆိုသည့်အချိန်တွင်ဖြစ်သည်။ ဒုတိယနေရာမှာ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါဖြစ်သည်။ တတိယနေရာမှာ“سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” ဆိုပြီး ရုကူအ် ဦးညွှတ်ရာမှ ပြန်ထပြီသည့်အခါတွင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် ဦးချသည့်အခါနှင့် ဦးချရာမှ ပြန်ထသည့်အခါတွင် လက်မြှောက်ခြင်းမပြုပါ။