တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နောက်ဆုံး သရှဟ္ဟုဒ်ဖတ်ပြီးနောက် စလာမ်မလှည့်မီ အရာလေးခုကို အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံလေ့ရှိသည်။ ထို့ပြင် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ထိုအရာလေးခုမှ အလ္လာဟ်အ ရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံကြရန် မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့မှာ- ပထမ ။ ။ ကဗရ်၏အဇာဗ်ပြစ်ဒဏ်မှခိုလှုံခွင့်တောင်းခံရန်။ ဒုတိယ။ ။ ကိယာမသ်နေ့၌ ငရဲမီး၏ အဇာဗ်ပြစ်ဒဏ်မှခိုလှုံခွင့်တောင်းခံရန်။ တတိယ။ ။ အသက်ရှင်နေစဉ် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများဖြစ်သော ဟရာမ် တားမြစ်ထားသော လောကီအလိုရမ္မက်များနှင့် လမ်းမှားစေမည့် ဒွိဟသံသယများမှလည်းကောင်း၊ သေဆုံးချိန်တွင် ကြုံတွေ့ရမည့်ဖိသ်နဟ် စမ်းသပ်မှုများဖြစ်သော သေဆုံးခါနီးအချိန်တွင် အစ္စလာမ်သာသ နာ သို့မဟုတ် စွန္နသ်လမ်းစဥ်မှ တိမ်းချော်သွားခြင်းမှလည်းကောင်း၊ ကောင်း ကင်တမန်နှစ်ပါး၏ မေးမြန်းခြင်းကဲ့သို့ ကဗရ်သင်္ချိုင်း၏ စမ်းသပ်မှုများမှလည်းကောင်း ခိုလှုံခွင့်တောင်းခံရန်။ စတုတ္ထ။ ။ နောက်ဆုံးအချိန်ကာလတွင် ထွက်ပေါ်လာမည့် မစီးဟ် ဒဂျ်ဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံရန်ဖြစ်သည်။ အလ္လာအရှင်မြတ်သည်၎င်းကိုအကြောင်းပြု၍မိမိ၏ ဗန္ဒဟ်ကျေးကျွန်တို့အား စမ်းသပ်တော်မူမည်ဖြစ်သည်။ ဒဂ်ျဂျာလ်အကြောင်း သီးသန့် တင်ပြထားခြင်းမှာ ၎င်း၏အန္တရာယ်နှင့် လမ်းမှားစေခြင်းတို့မှာကြီးမားသည့်အတွက်ကြောင့်ဖြစ်သည်။