တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ပြီးဆုံးတိုင်း أَسْتَغْفِرُ اللّٰه، أَسْتَغْفِرُ اللّٰه ، أَسْتَغْفِرُ اللّٰهဟု ရွတ်ဆိုလေ့ရှိသည်။ ထို့နောက် အောက်ပါအတိုင်း အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို မြွက်ဟတော်မူသည်။ "اللَّهمَّ أَنتَ السَّلامُ، ومِنْكَ السَّلامُ، تباركْتَ ذَا الجَلالِ والإكرامِ " အလ္လာဟ်အရှင်မြတ်သည် ငြိမ်းချမ်းသာယာမှုအပေါင်းကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြီးပြည့်စုံသည့် ဂုဏ်တော်များကို ပိုင်ဆိုင်တော်မူသောအရှင်၊ ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူသည်။ လောကီ၊ လောကုတ္တရာနှစ်ဌာန၏ ဆိုကျိုးများမှ ကင်းဝေးရန် အရှင်မြတ်ထံတော်၌သာ တောင်းခံပြီး အရှင်မြတ်မှအပ မည်သူ့ထံတွင်မျှ တောင်းခံခြင်းမပြုပါ။ အရှင်မြတ်၏ ကောင်းခြင်းများသည် နှစ်ဘဝနှစ်ဌာနလုံး၌ အလွန်ပင်များပြားလှသည်။ အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်၊ ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော်မူသည်။