တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ "လာအိလာဟ အိလ်လလ္လာဟုဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု" ကျွန်တော်မျိုးသည် ကလိမဟ် သောင်ဝ်ဟီးဒ်(လာအိလာဟ အိလ္လလ္လဟ်)ကို သက်သေခံအပ်ပါသည်။ စစ်မှန်သည့် ခဝပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ကြောင်း ကျွန်တော်မျိုးအတည်ပြုပြီး အခြားအရာများအတွက် မဟုတ်ကြောင်း ကျွန်တော်မျိုးငြင်းဆိုသည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိပါ၊ စစ်မှန်ပြည့်စုံသောအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ မိုးကောင်းကင်နှင့် မြေပထဝီ၌ရှိရှိသမျှ ဝေနေယျအပေါင်းတို့၏ ချီးမွမ်းထောမနာမှုအလုံးစုံကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကသာ ခံယူထိုက်သည်။ အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ အရှင်မြတ် သတ်မှတ်ထားသော ပေးကမ်းချီးမြှင့်မှုကို တားမြစ်နိုင်သူ၊ အရှင်မြတ် သတ်မှတ်ထားသော တားဆီးပိတ်ပင်မှုကို ပေးကမ်းချီးမြှင့်နိုင်သူဟူ၍ မရှိပါ။ အရှင်မြတ်ထံတော်၌ ဥစ္စာဓနရှင်၏ ကြွယ်ဝချမ်းသာမှုသည် မည်သည့်အကျိုးမျှမပြုနိုင်ပါ။ ကောင်းမြတ်သည့် အကျင့်သီလသည်သာလျှင် ၎င်းအား အကျိုးပြုနိုင်မည်ဖြစ်သည်။