တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အောက်ပါ အချက်လေးချက်ကို တားမြစ်တော်မူခဲ့သည်။ ၁။ အမျိုးသမီးများအား သူမ၏ ခင်ပွန်း သို့မဟုတ် မဟ်ရမ် ဆွေမျိုးများအနက်မှ မည်သည့်အခါမျှ နိကာဟ်ထိမ်းမြားပိုင်ခွင့်မရှိသော မဟ်ရမ် ဖြစ်သည့် သား၊ ဖခင်၊ မောင်နှမအရင်း၏သား၊ ဦးလေး၊ ဘကြီး စသည်တို့အနက်တစ်ဦးတစ်ယောက်မပါဘဲ နှစ်ရက်တာကြာမြင့်မည့်ခရီးသွားခြင်းမှ တားမြစ်ထားသည်။ ၂။ အီဒ်ဒုလ်ဖိသ်ရ် နှင့် အီဒ်ဒုလ်အဿွ်ဟာ နေ့များတွင် ဆောင်မ် ဥပုသ်စောင့်ခြင်းကို တားမြစ်ထားသည်။ ဤနေ့ရက်များတွင် နဇ်ရ် ကိုးထားသည့် ဥပုသ်စောင့်ခြင်း၊ နဖ်လ် ဥပုသ်စောင့်ခြင်း၊ ကဖ်ဖာရဟ်အာပတ်ဖြေသောဥပုသ်စောင့်ခြင်း စသည့်ဥပုသ်အားလုံးကိုလည်း တားမြစ်ထားသည်။ ၃။ ဖဂ်ျရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေထွက်သည်အထိ အဆွ်ရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေဝင်သည်အထိ နဖ်လ်ဆွလာသ်ဝတ်ပြုခြင်းကို တားမြစ်ထားသည်။ ၄။ ဤဗလီဝတ်ကျောင်းတော်သုံးခုမှလွဲ၍ အခြားနေရာတစ်နေရာသို့ ခရီးထွက်ရာတွင် ယင်းနေရာသည် မွန်မြတ်ကြောင်း ယုံကြည်၍လည်းကောင်း၊ ယင်းနေရာတွင် ကောင်းမှုပြုခြင်းဖြင့် ကုသိုလ်ကောင်းမှုများတိုးပွါး၍ရနိုင်သည်ဟု ယုံကြည်၍လည်းကောင်းခရီးထွက်ခြင်းကို တားမြစ်ထားသည်။ ထို့ကြောင့် ဤဗလီဝတ်ကျောင်းတော်သုံးခုမှအပ အခြားဗလီဝတ်ကျောင်းတော်များဘက်သို့ ဆွလာသ်ဝတ်ပြုရန် ခရီးမထွက်ရ။ မတ်စ်ဂျိဒုလ် ဟရာမ် (မက္ကာမြို့)၊ မတ်စ်ဂျိဒ်နဗဝီ (မဒီနာမြို့) နှင့် မတ်စ်ဂျိဒ်အက္ကဆွာ (ဂျေရုဆလင်မြို့) စသည့် ဗလီးကြီးသုံးခု၌သာ အကျိုးကုသိုလ် ပို၍ပို၍တိုးပြီးရရှိမည်ဖြစ်သည်။