အိဗ်နု အဗ္ဗားစ်သခင်က ( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ အသွာအ် ဗင်န် အဗီရဘာဟ်က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မမှာ တက်( ဝက်ရူးပြန် )တယ့် ရောဂါရှိတယ်။ ထိုရောဂါခံစားရသည့်အခါ ( လဲကျသွားသည့်အတွက် )ကျွန်မရဲ့ခန္ဓာကိုယ်မှ (အရှက်အင်္ဂါအစိတ်အပိုင်းအချို့) မှာ ပေါ်သွားပါတယ်။ ထိုသို့ဖြစ်ချိန်၌ ကျွန်မတွင် အသိတရားရှိမနေပါ။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ သူမက ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ သူမက ဒါဆို ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ ထို့နောက်သူမက ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။