တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား ၎င်းမရှိသည့်နေရာတွင် ကွယ်လွန်သေဆုံးရန် သတ်မှတ်၊ဆုံးဖြတ်ထားပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာသို့သွားရောက်ရန် လိုအပ်ချက်ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ၎င်းသူသည် ယင်းနေရာသို့ ရောက်ရှိသွားပြီး ထိုနေရာ၌ အသက်နှုတ်သိမ်းခြင်းခံရသည်။